စာရေးသူ

အားလုံးမြင်နိုင်ရန်
Anne Cetas

အဲန်းစီထက်စ်

အဲန်းစီထက်စ် (Anne Cetas)သည် လူငယ်ဘဝ၌ သခင်ခရစ်တော်နောက်လိုက်ဖြစ် ခဲ့သည်။ သူငယ်ချင်းတစ်ဦးက သမ္မာကျမ်းစာ အမြဲဖတ်ဖို့ရန် သူမကို Our Daily Bread စာအုပ်တစ်အုပ် ပေးခဲ့သည်။ ခေါင်းစဥ်အလိုက် လေ့လာနိုင်သည့် Discovery Series စာအုပ်များကိုလည်း ဖတ်ရှုလေ့လာခဲ့သည်။ နှစ်အတန်ကြာပြီးနောက် စာစစ်သူတစ်ဦးအနေနှင့် Our Daily Bread ၏ အယ်ဒီတာအဖွဲ့တွင် ပါဝင်ဆက်ကပ်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှစ၍ Our Daily Bread အတွက် စာမူများရေးသားခဲ့သည်သာမက စီမံ/အယ်ဒီတာ အဖြစ်လည်း ဆက်လက်တာဝန်ယူလျက်ရှိသည်။ ဆရာမနှင့်ခင်ပွန်း ဆရာ ခါးလ် (Carl) တို့သည့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းကို နှစ်သက်ပြီး မူကြိုကျောင်းများနှင့် ခိုလှုံရာမဲ့သူများကယ်ဆယ်ရေး သာသနာလုပ်ငန်းတစ်ခုတွင် အစေခံ နေကြပါသည်။

စာမူ/ အကြောင်းအရာ များ အဲန်းစီထက်စ်

ဘုရားသခင်အား ချစ်ခြင်း

ပါမောက္ခက သူ၏အွန်လိုင်းအတန်းပြီးတိုင်း “နောက်တစ်ခါ ပြန်ဆုံကြမယ်” (သို့) “ပိတ်ရက်မှာ သာယာပျော်ရွှင်ပါစေ”စသည့် နှုတ်ဆက်နည်းနှစ်မျိုးမှ တစ်ခုခုဖြင့် နှုတ်ဆက်အဆုံးသတ်သည်။ ကျောင်းသားအချို့က “ကျေးဇူးတင်ပါတယ်၊ ဆရာ့နည်းတူပါ”ဟု တုံ့ပြန်ကြသည်။ သို့သော် တစ်နေ့၌ ကျောင်းသားတစ်ဦးက “ဆရာ့ကို ချစ်တယ်”ဟု တုံ့ပြန်ခဲ့သည်။ သူလည်း အံ့သြသွားပြီး “ငါလည်း မင်းကို ချစ်တယ်” ဟု ပြန်ဖြေခဲ့သည်။ ဆရာက လူကိုယ်တိုင်ကိုယ်ကျ စာသင်ရခြင်းမျိုးကို ပိုနှစ်သက်သော်လည်း ယခုတွင် သူတို့ကို ကွန်ပြူတာဖန်သားပြင်ထက်မှ စာပို့ချသည့် သူတို့၏ပါမောက္ခကို ကျေးဇူးတင်ကြောင်းပြသရန် ထိုညနေခင်း၌ အတန်းသားများက နောက်အတန်းချိန်တွင် “ဆရာ့ကိုချစ်တယ် သံကွင်းဆက်” အစီအစဉ်ကိုလုပ်ရန် သဘောတူခဲ့ကြသည်။ နောက်ရက်အနည်းငယ်အကြာ စာသင်ပြီးနောက် ပါမောက္ခက “နောက်တစ်ကြိမ် ပြန်ဆုံကြမယ်”ဟု ပြောလိုက်ရာ ကျောင်းသားများက “ဆရာ့ကိုချစ်တယ်”ဟု တစ်ယောက်ပြီးတစ်ယောက် ပြန်ပြောကြသည်။ သူတို့သည် ဤအလေ့အထကို လအတော်ကြာ ဆက်လုပ်ကြသည်။ ဤအရာက သူနှင့်…

မကြောက်ရွံ့နှင့်

“Peanuts” ကာတွန်းရုပ်ပြတွင် ပါဝင်သည့် Linus (လင်းနပ်စ်)သည် သူ၏ အပြာရောင်လုံခြုံရေးစောင်ကြောင့် အထူးလူသိများသည်။ နေရာတကာ စောင်ကို သူယူသွားပြီး၊ နှစ်သိမ့်မှုရရှိရန် စောင်ကို သူလိုအပ်ချိန်တွင်လည်း မရှက်တတ်ခဲ့ပါ။ သူ၏အမဖြစ်သူ Lucy (လူစီ)သည် အထူးသဖြင့် စောင်ကို မနှစ်သက်ပါ။ စောင်ကို ဖျောက်ပစ်ရန် မကြာခဏ ကြိုးစားသည်။ စောင်ကိုမြေမြှုပ်ပစ်သည်။ စွန်လုပ်ပစ်သည်။ သိပ္ပံပရောဂျက်တစ်ခုအတွက် စောင်ကို အသုံးပြုသည်။ လင်းနပ်စ် ကိုယ်တိုင်လည်း သူ့အနေနှင့် သူ့စောင်အပေါ် အမှီအခိုနည်းပါးသင့်ကြောင်းသိပြီး တစ်ခါတစ်ရံ စောင်ကို စွန့်သော်လည်း အမြဲပင် ပြန်ယူခဲ့မိသည်။

“Charlie Brown Christmas” ရုပ်ရှင်တွင် ဒေါသထွက်နေသည့် Charlie Brown (ချာလီဘရောင်း)က “ခရစ်စမတ်က ဘာလဲဆိုတာ သိတဲ့သူတစ်ယောက်မှ မရှိဘူးလား” ဟုမေးရာ၊ လက်၌ အပြာရောင်လုံခြုံရေးစောင်နှင့် လင်းနပ်စ် လေးသည် စင်အလယ်သို့ ထွက်လာပြီး ရှင်လုကာခရစ်ဝင်…

ဘုရားရှင်သည် ကျိုးပဲ့ကြေကွဲမှုများကို ကုသပေး၏

ကောလင်းနှင့် သူ့ဇနီး ဂျော်ဒန်တို့ လက်မှုပစ္စည်းစတိုးဆိုင်ထဲ လှည့်ပတ်ကြည့်ရင်း သူတို့အိမ်၌ချိတ်ဆွဲမည့် ပုံကားချပ်တစ်ချပ် ရှာနေကြသည်။ ကောလင်းက သူတို့နှင့်ကိုက်သည့်ပစ္စည်းတွေ့ပြီဟုအတွေးနှင့် ဂျော်ဒန်ကို လှမ်းခေါ်လိုက်သည်။ သူပြသည့် ကြွေထည်ပစ္စည်း၏ ညာဘက်ခြမ်းတွင် 'ကျေးဇူးတရား' ဟူသော စာလုံးပါရှိပြီး ဘယ်ဘက်ခြမ်းတွင်မူ အက်ကြောင်းရှည်နှစ်ခုရှိနေ၍ "ဒါက ကျိုးနေတာပဲ" ဟု ဂျော်ဒန်ကပြောပြီး စင်ပေါ်မှ အကောင်းတစ်ခုကို ရှာကြည့်လိုက်သည်။ ကောလင်းက "မဟုတ်ဘူး၊ ဒါကမှ အဓိကအချက်ပဲ။ ငါတို့တွေဟာ ကျိုးပဲ့ပျက်စီးနေပြီး အချိန်ကိုက်ကျေးဇူးတရားက ရောက်ရှိလာတာ"ဟု ပြောလိုက်သည်။ သို့နှင့် အက်ကြောင်းများရှိသည့် ကြွေထည်ကို ဝယ်ရန်သူတို့ဆုံးဖြတ်လိုက်သည်။ ငွေရှင်း ကောင်တာတွင် အရောင်းစာရေးက "အို အဲဒါကအက်နေတယ်"ဟု ပြောရာ "ဟုတ်တယ်၊ ငါတို့လည်း အဲလိုပဲလေ" ဟု ဂျော်ဒန်က တီးတိုးပြောလိုက်သည်။

"ကျိုးပဲ့ပျက်စီး"နေသူဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ လူတစ်ဦးက မည်မျှပင်ကြိုးစားကြိုးစား၊ မိမိ၏စွမ်းရည်ဖြင့် ဘဝအဆင်ပြေအောင် မလုပ်နိုင်ဘဲ ပိုမိုဆိုးရွားလာကြောင်းကို…

တစ်ဦးကိုတစ်ဦး ကူညီခြင်း

အမ်ဘာသည် သူမ၏မိန်းကလေးသူငယ်ချင်းများနှင့် ဘက်စကက်ဘောကစားရင်း အမျိုးသမီးအဖွဲ့အားဖြင့် ရပ်ရွာအကျိုးရှိနိုင်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် အသင်းအဖွဲ့နှင့်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ပြီး နောက်မျိုးဆက်အတွက် အကျိုးပြုရန် အမြတ်အစွန်းမကြည့်သည့် Ladies Who Hoop (ကွင်းသဏ္ဌာန် နှောင်ဖွဲ့ဝိုင်းပတ်ထားသော အမျိုးသမီးများ) အဖွဲ့ကို စတင် တည်ထောင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်များက အမျိုးသမီးများအား မိမိကိုယ်ကိုစိတ်ချယုံကြည်မှုနှင့် အရည်အချင်းတိုးတက်စေရန် ကြိုးပမ်းတည်ဆောက်ပေးလျက် မိမိရပ်ရွာအကျိုး အတွက် တန်ဖိုးရှိသူများဖြစ်လာအောင် အားပေးခဲ့သည်။ ကစားသမားဟောင်းများအနက် ယခုတွင် အခြားမိန်းကလေးများအား နည်းပြပေးလျက်ရှိသူတစ်ဦးက "ငါတို့ကြားမှာ ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ရှိတယ်။ ဒီဟာက ငါလိုအပ်နေခဲ့တဲ့ အရာပဲ။ နည်းလမ်းအမျိုးမျိုးနဲ့ ငါတို့တစ်ဦးကိုတစ်ဦး ပံ့ပိုးကြတယ်။ မိန်းကလေးတွေ အောင်မြင်ပြီး ရင့်ကျက်‌တာကိုတွေ့ရတာ ဝမ်းသာတယ်" ဟုပြောခဲ့သည်။

ထိုနည်းတူ လူမျိုးတော်တို့ တစ်ဦးနှင့်တစ်ဦးကူညီရန် အစုအဖွဲ့အဖြစ်ရှိနေရန် ဘုရားသခင် ရည်ရွယ်ချက်ရှိခဲ့သည်။ ရှင်ပေါလုက သက်သာလောနိတ်မြို့သားများအား "အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့" ဟုနှိုးဆော်သည်…

နားလည်မှုလွဲခြင်း မရှိပါ

ခေတ်မီနည်းပညာသုံး Alexa (အဲလက်ဇာ)၊ Siri (စီရီ)နှင့် အခြားသော အသံပိုင်းဆိုင်ရာ အထောက်အကူများသည် ကျွန်ုပ်တို့ပြောသည့်အရာကို ရံဖန်ရံခါ နားလည်မှုလွဲကြသည်။ ၆ နှစ်သမီးလေးက မိသားစု၏ အထောက်အကူကိရိယာ အသစ်လေးနှင့် ကွက်ကီးမုန့်၊ အရုပ်အိမ် အကြောင်းများ ပြောဆိုမေးမြန်းခဲ့သည်။ နောက်ပိုင်းတွင် အော်ဒါတင်ထားသည့် ၇ ပေါင် လေးသောကွက်ကီးမုန့်များနှင့် ဒေါ်လာ (၁၇၀)တန် အရုပ်အိမ်ကို အိမ်သို့လာပို့ရန် လမ်းခုလတ်တွင် ရောက်နေပြီဖြစ်ကြောင်း အီးမေးလ်စာကို သူ့မိခင်မှ လက်ခံရရှိခဲ့သည်။ လန်ဒန်မြို့မှ စကားပြောတတ်သည့် ကြက်တူရွေးပိုင်ရှင်သည် အွန်လိုင်းမှမည်သည့်ပစ္စည်းမှ တစ်ခါမှမဝယ်ခဲ့ဖူးပါ။ သို့သော် သူမသိဘဲနှင့် ရွှေရောင်လက်ဆောင်ဗူးတစ်ထုပ်ကို မှာထားပြီးသား ဖြစ်နေသည်။ လူတစ်ယောက်က သူ့စက်ကို "ဧည့်ခန်းမီးတွေ ဖွင့်လိုက်ပါ"ဟု ပြောလိုက်ရာ "ပူတင်းမုန့်လုပ်တဲ့အခန်း မရှိပါဘူး"ဟု ထိုစက်က ပြန်ဖြေသည်။

ကျွန်ုပ်တို့ ဘုရားနှင့်စကားပြောသည့်အခါ သူ့အပိုင်းမှ ယခုကဲ့သို့ နားလည်မှုလွဲစရာမရှိပါ။ ဘုရားရှင်သည် ဘယ်တော့မှ…

ချစ်ခြင်းမေတ္တာ၏စစ်မှန်သောသဘာဝ

ကူးစက်ရောဂါကြောင့် အသွားအလာအကန့်အသတ်ကာလအတွင်း ဂျယ်ရီသည် သူ၏ကျန်းမာရေးလေ့ကျင့်ခန်းစင်တာကို ပိတ်ခဲ့ရပြီး လပေါင်းများစွာ ဝင်ငွေမဲ့ဖြစ်နေခဲ့သည်။ တစ်နေ့တွင် သူငယ်ချင်းတစ်ဦးက ညနေ ၆နာရီတွင် စင်တာ၌ တွေ့ဆုံရန် လာခဲ့ပါဟုစာပို့လာသည်။ အကြောင်းရင်းကို သေချာမသိသော်လည်း စင်တာဆီသို့ ဂျယ်ရီ ထွက်လာခဲ့သည်။ ခဏအကြာတွင် ယာဥ်ရပ်နားရာ နေရာသို့ ကားများဝင်လာသည်။ ပထမကားပေါ်မှ ယာဥ်မောင်းသည် အဆောက်အအံုအနီးရှိ လျှောက်လမ်းပေါ်တွင် ခြင်းတောင်းတစ်လုံး ချလိုက်သည်။ နောက်ထပ် ကားတစ်စီးပြီးတစ်စီး ၀င်လာသည်။ အစီး‌ရေ ၅၀ ခန့်ရှိမည်ဟု ထင်ရသည်။ ကားထဲမှလူများက ဂျယ်ရီကို လက်ပြသူပြ၊ "ဟယ်လို"ဟု လှမ်း နှုတ်ဆက်သူက နှုတ်ဆက်နှင့် ခြင်းတောင်းအနီးတွင်ရပ်ကာ ငွေချေကဒ် (သို့) ငွေစက္ကူများ ထည့်သွားကြသည်။ အချို့က သူတို့ငွေကြေးကို စွန့်လွှတ်ပေးလှူကြသည်။ လူအားလုံးက ဂျယ်ရီကို အားပေးရန် သူတို့၏အချိန်ကို ပေးခဲ့ကြသည်။

ရှင်ပေါလု၏အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မေတ္တာ၏စစ်မှန်သောသဘောသည် စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည်။ မာကေဒေါနိပြည်သားများသည်…

နားထောင်ပြီး သင်ယူပါ။

လမ်းတစ်ဘက်ရှိအိမ်၌ အိမ်ပိုင်ရှင်သည် ကြီးမားသောလင်းယုန်ကြီးပါသည့် အမေရိကန်နိုင်ငံအလံကို သူ၏ခြံဝင်းထဲတွင် စိုက်ထူထားသည်။ ကားဝင်သည့် လမ်းတွင်လည်း ထရပ်ကားကြီးတစ်စီး ရပ်ထားသည်။ ကားဘေး ပြတင်းပေါက်ကို အလံပုံဆေးရောင်ခြယ်ထားပြီး ကားနောက်ဘန်ပါ၌လည်း မျိုးချစ်စိတ်ဓာတ် လှုံ့ဆော်သောစတစ်ကာများက အပြည့်ကပ်ထားသည်။ လမ်းမျက်စောင်းထိုးရှိ အိမ်နီးချင်း၏ခြံဝင်းထဲ၌မူ သတင်းတွင်ပါသော လက်တလော တရားမျှတမှုနှင့် ဆိုင်သော ကြွေးကြော်သံဆောင်ပုဒ်များကို မီးမောင်းထိုးပြသည်။

ထိုအိမ်မှလူများသည် ကမ္ဘာ့ရန်သူလား၊ မိတ်ဆွေလား။ ထိုမိသားစုနှစ်စုလုံး သည် ယုံကြည်သူများရော ဖြစ်နိုင်မလား။ "ခပ်သိမ်းသောသူတို့သည် နားကြား ခြင်းငှာ လျင်မြန်စေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာ လည်းကောင်း နှေးကြစေ" (ယာ ၁:၁၉) ဆိုသည့်အတိုင်း ကျွန်ုပ်တို့ အသက်ရှင်ရန် ဘုရားသခင် မှာကြားခဲ့သည်။ မကြာခဏဆိုသလို ကျွန်ုပ်တို့သည် ခေါင်းမာစွာနှင့် မိမိထင်မြင်ချက်များကို စွဲကိုင်ထားတတ်ကြပြီး အခြားသူများ၏အတွေးကို ထည့်သွင်းစဥ်းစားရန် ဆန္ဒမရှိကြပေ။ Matthew Henry ၏အနက်ဖွင့်ကျမ်း တွင် "ကျွန်ုပ်တို့သည်…

ဘုရားသခင်၏တန်ခိုးတော်

ရေဗက္ကာနှင့်ရာစယ်တို့၏ဆရာဝန်များက သူတို့ကလေးမရနိုင်ကြောင်း ပြောခဲ့ သည်။ သို့သော် ဘုရားသခင်၌ အခြားအကြံအစည်ရှိ‌နေကာ ၁၀ နှစ်အကြာတွင် ရေဗက္ကာသည် ကိုယ်ဝန်ဆောင်ခဲ့သည်။ ကျန်းမာသန်စွမ်းသောကလေးကို လွယ်ထားရပြီး ဗိုက်စနာလာသောအခါ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ဆေးရုံသို့ အပြေးသွားခဲ့ကြသည်။ မီးတွင်းထဲတွင် အချိန်ကြာလာပြီး ပိုမိုနာကျင်လာ သော်လည်း ရေဗက္ကာ၏ဗိုက်အနေအထားမှာ မီးဖွားရန် အသင့် ဖြစ်မနေသေးပါ။ နောက်ဆုံး ဆရာဝန်က အရေးပေါ်ဗိုက်ခွဲမွေးရန် ဆုံးဖြတ်လိုက်သည်။ ရေဗက္ကာ သည် သူမနှင့်ကလေးအတွက် စိုးရိမ် ကြောက်လန့်သဖြင့် ငိုမိသည်။ ဆရာဝန်က "ကျွန်မအစွမ်းကုန်ကြိုးစားမယ်။ ဒါပေမဲ့ ဘုရားရှင်က သာ၍တတ်စွမ်းနိုင်လို့ သူ့ဆီမှာ ဆုတောင်းရအောင်" ဟု တည်ငြိမ်စွာဖြင့် သူမစိတ်သက်သာမှုရရှိရန် ပြောလိုက်သည်။ ဆရာဝန်သည် ရေဗက္ကာနှင့်အတူ ဆုတောင်းလိုက်ပြီး ၁၅ မိနစ် အကြာ ကျန်းမာသန်စွမ်းသော သားလေးဘရုစ် ကို မွေးဖွားခဲ့ပါသည်။

ဘုရားသခင်နှင့်သူ့တန်ခိုးတော်အ‌ပေါ်၌ ခိုလှုံအမှီပြုရမည်ကို ထိုဆရာဝန်…

လူကြိုက်မများသော ယေရှု၏အတွေးအခေါ်များ

မိုက်ဘာဒန်သည် သူနေထိုင်ရာ မြို့လေးတွင် အမှတ်တရပစ္စည်းဆိုင်လေးတစ်ဆိုင် ဖွင့်ပြီး နာကြည်းမုန်းတီးမှုနှင့်ပြည့်သည့်အစည်းအဝေးများ ပြုလုပ်လာသည်မှာ ၁၅ နှစ်ခန့် ရှိပြီးဖြစ်သည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် သူ၏ဇနီးသည်က ထိုလုပ်ရပ်များတွင် အဘယ်ကြောင့် ပါဝင်ပတ်သက်နေသည်ကို မေးခွန်းထုတ်ရာမှ သူ၏စိတ်နှလုံး ပျော့ပြောင်းသွားသည်။ ထိုမှတစ်ဆင့် သူ၏မှားယွင်းသော လူမျိုးရေး ခွဲခြားသောအမြင်များကို ဆင်ခြင်မိပြီး ထိုကဲ့သို့လူစားမျိုး လုံးဝမဖြစ်ချင် တော့ပေ။ ထိုအခါ စစ်သွေးကြွနေသူအဖွဲ့က ၎င်းတို့အဖွဲ့ဝင်တစ်ဦးထံမှငှားရမ်းထားသည့် ထိုဆိုင်ခန်းမှ သူတို့မိသားစုကို မောင်းထုတ်နှင်ချလိုက်တော့သည်။

ထိုသို့ ဒုက္ခရောက်သော် မည်သူ့ထံမှ သူအကူအညီတောင်းခဲ့သနည်း။ သူနှင့် ပြဿနာဖြစ်ဖူးသော ဒေသခံလူမည်းသင်းအုပ်ထံမှအကူအညီတောင်းခဲ့ခြင်းက အံ့သြစရာဖြစ်သည်။ သင်းအုပ်နှင့်အသင်းသားများသည် မိုက် ၏မိသားစုအတွက် နေရာထိုင်ခင်းနှင့် အစားအသောက်ကို အချိန်အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ ပေးခဲ့သည်။ မိုက် က သူ့ကို ဘာကြောင့်ကူညီခဲ့သလဲဟု မေးရာ "ယေရှုက အရမ်း မထင်ပေါ်တဲ့အရာတစ်ချို့ကို လုပ်ခဲ့တယ်။ သူတစ်ပါးကို…

သင့်အတွက် သခင်ယေရှု၏ကတိတော်

မိဘများက ဂျေးဆန် အား အေမီ လက်ထဲထည့်လိုက်သည့်အခါ ဂျေးဆန် အော်ဟစ်ငိုပါတော့သည်။ မိဘများက ဘုရားရှိခိုးကျောင်း၌ ဝတ်ပြုမည်ဖြစ်၍ ၂ နှစ် အရွယ် သားလေးမှာ ပထမဆုံးအကြိမ် ကလေးထိန်းအခန်းသို့ ရောက်ရသဖြင့် သူမပျော်ပါ။ သူအဆင်ပြေမည်ဖြစ်ကြောင်း အေမီက မိဘများကို ပြောသည်။ အေမီသည် ဂျေးဆန်အား အရုပ်များနှင့် စာအုပ်များပြလိုက်၊ ထိုင်ခုံပေါ်တွင် လွှဲပေးလိုက်၊ လမ်းလျှောက်လိုက်၊ ငြိမ်ငြိမ်လေးရပ်နေလိုက်၊ ပျော်ရွှင်စရာများ ပြောလိုက်ဖြင့် ချော့မြူခဲ့သည်။ သို့သော် ဘာပဲလုပ်ပေးလုပ်ပေး မျက်ရည်ပေါက်များ ပိုကျလာပြီး ငိုသံက ပိုကျယ်လာသည်။ နောက်ဆုံး သူနားနားကပ်လျက် "မင်းနဲ့အတူ မမ ရှိနေမယ်"ဟု ရိုးရှင်းသောစကားကို ပြောလိုက်မှ ငြိမ်းချမ်းခြင်းနှင့် ဖြေသိမ့်ခြင်းကို လျင်လျင်မြန်မြန်ရရှိခဲ့သည်။

ယေရှုသည်လည်း ကားစင်တင်ခံရမည့် ရက်သတ္တပတ်အတွင်း သူ၏ မိတ်ဆွေများအား "ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်း ဟူသော တစ်ပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ…